Tuesday, April 14, 2015

● ယုဒ သန်နေ့၊ တရား ဟောချက်

“ခရစ်တော်အတွက်သစ္စာရှိသောတပည့်တော်စစ်”
အခြေပြုကျမ်း၊-ရှင်မသဲ၁၆း၂၄၊၂၅း၂၁၊၁ရာ၁၂း၂၄၊ယောဟန်၎း၂၄။
ကိုးကားကျမ်းချက်များ၊-ဖိလိပ္ပိ၁း၁၉-၂၁။

နိဒါန်း။
၂၀၁၅ ခုနှစ်၊ ဇူလိုင်လ (၁၂) ရက် တနင်္ဂ နွေ နေ့သည်၊ (၂၀၂) ကြိမ် မြောက် ယုဒဿန် ဥပုသ် (Judson Sunday)နေ့ဖြစ် ပါသည်။ အဓိက ခွန်အား ယူရ မည့်အ ကြောင်း အရာမှာ “ခရစ် တော် အတွက် သစ္စာ
ရှိသော တပည့် တော် စစ်” (Faithful and True Discipleship for Christ) ဖြစ်ပါ သည်။ သခင် ယေရှု ခရစ် တော်နှင့် နောက် လိုက် တပည့် တော်စစ် တို့၏ ဆက်ဆံ မှုတွင် ထူးခြား သည့် သစ္စာရှိ ခြင်းသည် အဓိက အခန်း ကဏ္ဍမှ ပါဝင် နေပါ သည်။ သစ္စာ ရှိခြင်း ဟူသည် လောက ၌တန် ဘိုးထား အပ်သော မြင့်မြတ် သည့် လူသား တစ်ဦး၏ စိတ်ပိုင်း ဆိုင်ရာ ပြဌာန်း ချက် (သို့) မရွေ့၊ မလျှော့၊ မယိုင်း၊ မယိုင် မြဲမြံ တည် ကြည်သော ဆုံးဖြတ် ချက်နှင့် အညီ လက်တွေ့ တုံ့ပြန် အသက် ရှင်မှု ပင်ဖြစ် သည်။ လူသား တစ်ဦး အဖို့ သစ္စာ ရှိခြင်း သည် အသက် တာ ဘ၀ အတွက် တန်ဖိုး မဖြတ် နိုင်သော ကျင့်ဝတ် တစ်ခု ပင်ဖြစ် သည်။ ထို့အပြင် သစ္စာ ရှိခြင်း သည် ယခု ဘ၀ အတွက် ကျင့်ဝတ် တစ်ခု ဖြစ်ရုံ သာမက ထာဝရ ကာလ အတွက် ဆုလဒ် လည်းဖြစ် ကြောင်း ဗျာဒိတ် ၂း၁၀ တွင် “သေသည့် တိုင်အောင် သစ္စာ စောင့် လော့ သို့ဖြစ် လျှင် အသက် သရဖူ ကိုငါ ပေးမည် ဟု” ဘုရား သခင် ၏ဂတိ တော် ထားရှိ တော်မူ ခြင်းကို လည်း တွေ့မြင် ခံစားရ ပေသည်။ သို့ဖြစ် ရာခရစ် တော် အတွက် သစ္စာ ရှိသော တပည့် တော်စစ် ဖြစ်ခြင်း ကိုအောက် ပါအချက် များအား ဖြင့်ခွန် အားယူ ကြပါစို့။
ခရစ် တော်၏ တပည့် တော်စစ် ဖြစ်ရန် လိုအပ် ပါသည်။
သစ္စာ တရား၊ သစ္စာ ရှိခြင်း နှင့်ပတ် သက်လာ လျှင် အခြေ ခံအကျ ဆုံးအ ရာသည် ခရစ်တော် ၏တပည့် တော်စစ် ဖြစ်ခြင် ပင်ဖြစ် ပါသည်။ သစ္စာ တရား နှင့်ပတ် သက် လာလျှင် မိမိ အားကိုး သော၊ ယုံကြည် သော၊ လေးစား သော၊ ပုဂ္ဂိုလ် ၏အ ကျိုးကို စောင့် ရှောက် ထိန်းသိမ်း ခြင်းဖြစ် ရာ၊မိမိ သစ္စာဖြင့် စောင့်ထိန်း ရမည့် ပုဂ္ဂိုလ် ကမိမိ ထက်ပင် အရေးပါ လျှက် အဓိက ကျပါသည်။ တနည်း အားဖြင့် ဆိုရ သော် သစ္စာရှိ ခြင်းသည် အမိန့်ကို နာခံခြင်း ဖြစ်သော ကြောင့် (သို့) ပေးထား သည့် ဂတိကို စောင့် ထိန်းရ ခြင်းဖြစ် သောကြောင့် အမိန့် (သို့) ဂတိသည် အသက် ထက်ပို ၍အရေး ကြီးကြောင်း နားလည် ရပါမည်။ သို့ဖြစ်ရာ လောက ၌လူဖြစ် စဉ်ဘ၀ တွင်၊မ မှန်ကန် သော၊ မတရား သော၊ အာဏာ ရှင်ဆန် သော၊ အစွန်း ရောက်လွန်း သော၊ အယူ ၀ါဒ၊ လမ်းစဉ်၊ အဖွဲ့ အစည်း၊ ခေါင်းဆောင် များ၏ နောက် လိုက် တပည့် အဖြစ် မခံပဲ ခရစ် တော် ၏နောက် လိုက် တပည့် တော်စစ် ဖြစ်မှ သာလျှင် ဘုရား သခင် ၏အလို တော် သည် ပြည့်စုံ လာမည် မည်ဖြစ် သည်။ ခရစ် တော် နောက် လိုက် သည့်တ ပည့်တော် အဖြစ် ခံယူရန် လိုအပ် ရသည့် အကြောင်း အရင်းမှာ၊- “ခရစ် တော် သည် သူတစ် ပါးကို စေစား ခြင်းငှာ မလာ၊ သူတစ် ပါးအစေ ခံခြင်း ဌါ၎င်း၊ မိမိ အသက် ကိုစွန့် ၍လူ များကို ရွေးခြင်း ငှာ၎င်း၊ ကြွလာ ခြင်းဖြစ် သည် (မာ ကု ၁၀း၄၅) ဟု အတိ အလင်း ဖေါ်ပြ သကဲ့သို့ သူ့နောက် လိုက် မည့် နောက်တော် လိုက်တ ပည့်တော် တို့အား ခေါ်ယူ ရွေးကောက် ရာ၌ လည်း ယေရှုက “ငါ၌ ဆည်းကပ် လို သောသူ ဖြစ်လျှင် ကိုယ်ကို ကိုယ်ငြင်း ပယ်ရ မည်၊ ကိုယ် လက်ဝါး ကဒ်တိုင် ကိုထမ်း ၍ငါ့ နောက် သို့လိုက် ရမည် (မဿဲ ၁၆း ၂၄) ဟု တပည့် တော်စစ် အရည် အချင်း ကန့်သတ် ချက်ကို အတိ အလင်း ဖေါ်ပြ ထားပါ သည်။ ခရစ် တော်၏ တပည့် တော်ယုံ ကြည်သူ အပေါင်းတို့ … လောက၌ အထူး သဖြင့် မြန်မာ နိုင်ငံ၌ အလို အပ်ဆုံး ခေါင်းဆောင် မှာ- သခင် ယေရှု ကဲ့သို့သော ခေါင်းဆောင် များနှင့် သခင် ယေရှု သတ်မှတ် ပြဌာန်း ချက်နှင့် ကိုက်ညီ သော တပည့် တော်စစ် များပင်ဖြစ် သည်ဟု ခံယူယုံ ကြည်ကြ ပါသည်။ ထို့အပြင် ခရစ် တော်၏ နောက် တော် လိုက်ဖြစ် ရခြင်း၏ နောက်ဆက် တွဲအကျိုး ဆက် ဂတိတော် မှာ- ကိုယ်တော် သည် မနေ့၊ ယနေ့၊ နောင်ကာ လမပြောင်း မလဲတည် ရှိနေခြင်း (ဟေဗြဲ ၁၃း၈) တပည့် တော်တို့ အား ဘယ်တော့ မှမစွန့် အလျင်း ပစ်၍ မထားခြင်း နှင့် လူသည် ငါ၌ ပြုနိုင် သမျှ ငါမ ကြောက်ရ (ဟေဗြဲ ၁၃း ၅-၆) ဟူသော ဘုရား သခင်၏ ကွယ်ကာ မှုနှင့် မိတ် သဟာ ရပြုခြင်း ကျေးဇူး တော်သည် အစဉ် သက်ရောက် လျှက်ခံစား နေရ ခြင်းကြောင့် ခရစ် တော်၏ တပည့် တော်စစ် ဖြစ်ရန် ဆက်ကပ် ကြဖို့ တိုက်တွန်း လိုပါ သည်။

သစ္စာရှိ သောတ ပည့်တော် စစ်သည် ခရစ်တော် အတွက် ဘ၀ကို လုံးဝ ဆက်ကပ် ကပ်နှံ အသက် ရှင်သူ ဖြစ်သည်။
သစ္စာ ရှိခြင်း သည် ယုံကြည် မှုအပေါ် ၌အခြေ ခံသော တုံ့ပြန် မှုဖြစ် သည်။ ရှင်ပေါ လုက “ငါအ ဘယ်သူ ကိုယုံ သည်ကို ငါသိသည်” (၂တိ ၁း၁၂) ဟု တိတိ ကျကျ ၀န်ခံ ထားသည်။ ထိုကဲ့သို့ ခိုင်မြဲသော ယုံကြည်မှု အပေါ်၌ ပြေင်းလဲ ခြင်းမရှိ သော ဂတိတော် ကိုစောင့် ထိန်းခြင်း သည် ရှင်ပေါလု ၏သစ္စာ တရားပင် ဖြစ်သည်။ တနည်း ဆိုရသော် ယုံကြည် ခြင်းခိုင်မာ မှသာ သစ္စာမြဲ နိုင်မည် ဖြစ်သည်။ ရှင်ပေါ လုသည် ခိုင်မာသော ယုံကြည်ခြင်း ၏သက် သေကို ခံစား ရရှိသော အခါ (ဖိလိပ္ပိ ၁း၂၁) ၌ “ငါအသက် ရှင်သည့် အရာမှာ ခရစ် တော်ပင် ဖြစ်၏၊ သေလျှင် မူကား သာ၍ အကျိုး ရှိ၏” ဟု မိမိ အသက် တာ၏ ရှင်သန် ခြင်း၊ သေဆုံး ခြင်းသည် ခရစ်တော် အတွက် သာဖြစ် ကြောင်း ၀န်ခံထား သည်ကို တွေ့ရ ပါသည်။ ရှင်ပေါ လု၏ ခရစ်တော် အပေါ်၌ ထားရှိ သော သစ္စာရှိ ခြင်းသည် ဘ၀ အသက် တာတစ် ခုလုံးကို အပ်နှံခြင်း ဖြစ်သည်။ စဉ်းစား စရာအလွန် ကောင်း သည်မှာ ရှင်ပေါ လုက “ငါအသက် ရှင်ခြင်း အရာမှာ ခရစ်တော် ပင်ဖြစ်၏” ( For to me, Living means Living  for Christ ) သို့သော် ယနေ့ ကျွန်ုပ် တို့အများ စုအတွက် ဆောင်ပုဒ်မှာ “သခင် ခရစ်တော် အသက် ရှင်သည်မှာ ငါ့အတွက် ပင်ဖြစ်၏” ဟု ခံယူ ကြပါသည်။ ရှင်ပေါ လု၏ သစ္စာရှိ ခြင်းသည် ယုံကြည် ခြင်းအပေါ် ၌မူတည် ပါသည်။ ရှင်ပေါ လုသည် သခင် ယေရှု ခရစ်တော် အားဝေး ဝေးလံလံ လိုက်ရှာပြီး ယုံကြည် နေခြင်း မဟုတ်ပဲ မိမိ ဘ၀အသက် တာ၌ ပင်ခရစ် တော်ကို တွေ့ရှိ ပြီး ယုံကြည် လက်ခံခြင်း ဖြစ်ပါသည်။ ရှင်ပေါလု ခရစ်တော် အပေါ်၌ သစ္စာရှိ ရခြင်း အဓိက အချက်မှာ- အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် နှင့်သက် ဆိုင်နေ ပါသည်။
-ခရစ် တော်သည် အတိတ် ကပြုမိ ခဲ့သော အပြစ် အတွက် ခွင့်လွှတ် ခဲ့ပြီးဖြစ် ကြောင်း။
( He finds foregiveness for past Sin)
-လက်ရှိ ပစ္စုပ္ပန် အတွက် ခွန်အား ကိုပေး ကြောင်း။
( He finds strength for present)
-အနာဂတ် အတွက် မျှော်လင့် စရာ အာမ ခံချက် အပြည့် အ၀ရှိ ကြောင်း။
( He finds hope for the future )
သို့ဖြစ် ရာ ပေါလု သည် ခရစ် တော် ကိုရှာ သော အခါ၌ မိမိဘ၀ ၌ပင် တွေ့ရှိ လိုက် ရ၍ ရှင်ပေါ လုသည် မိမိ၏ ဘ၀ အသက် တာတစ်ခု လုံးကို ဆက်ကပ် အပ်နှံ လိုက်ခြင်း ပင်ဖြစ် သည်။
ခရစ်တော် ၏တပည့် တော်စစ် ယုံကြည် သူအ ပေါင်းတို့ …
ခရစ်တော် ကိုအဝေး ၌ရှာရန် မဟုတ်ပဲ ရှင်ပေါလု ကဲ့သို့ မိမိဘ၀ အသက် တာ၌ ရှာဖွေ ကြည့်ပါက တွေ့မြင်နိုင် ပါသည်။ သခင် ယေရှု ခရစ်တော် သည် မနေ့၊ ယနေ့၊ နောင်ကာ လရှိတော် မူသကဲ့သို့ ရှင်ပေါလု အတွက် တစ်မျိုး၊ ကျွန်ုပ်တို့ အတွက် တစ်ဖုံ အသွင် ပြောင်းကာ မျက်နှာ မလိုက် သောကြောင့် ဘုရား သခင်၏ ကောင်း မြတ်ခြင်း နှင့်ဂ ရုဏာ တော် အတွက် သစ္စာရှိ သော တပည့် တော်စစ် များအဖြစ် ဆက်ကပ် အပ်နှံ ကြရန် တိုက် တွန်းလို ပါသည်။
သစ္စာရှိ သောတ ပည့်တော် စစ်သည် ခရစ်တော် ၏အလို ကိုပြီးပြည့် စုံစေသည်။
သခင် ယေရှု ခရစ် တော်၏ အလို တော်မှာ သူပြု ခဲ့သော အမှုတော် မြတ်တည် တံ့ခိုင်မြဲ ရန်နှင့် ဆက်လက် ပျံ့ပွား ရန်သာ ဖြစ်ပါ သည်။ ထိုအမှု တော်မြတ် အတွက် ရွေးကောက် လျှက် ခေါ်ယူ ခြင်းခံရ သူတို့မှာ- တပည့် တော်များ ပင်ဖြစ်သည်။ ထိုတပည့် တော်များ အဖို့ အထူး အလေး အနက် ထားရမည့် အရာမှာ- ခရစ်တော် သည် တတ်မက် စရာ၊ အခွင့် အရေး နှင့်တန် ခိုးအာ ဏာ၊ ပြစ် သွေးဆောင် ခြင်းမ ဟုတ်ပဲ၊ တိကျ သောတာ ၀န်နှင့် ၀တ္တရား ကိုအပ် နှင်းလျှက် အစေခံ ဆောင်ရွက် စေခြင်း ပင်ဖြစ်သည်။ တစ်ပြိုင် တည်းမှာ ပင် ခွန်အား၊ သတ္တိနှင့် တန်ခိုးကို လည်းပေး ပါသည်။ ရှင်မဿဲ ၂၅း ၁၄-၃၀ တွင် သခင်သည် …
-တိကျ သော အလုပ် တာဝန် ကိုအပ် နှင်းခြင်း (အခွက် ၁၀၊ ၂၀၊ ၅၀)
-ပြီးမြောက် မှုကို ပြန်လည် စစ်ဆေး ခြင်း
-တိုးပွား မှုကို လိုလားခြင်း
စသော ခရစ်တော် ၏ဥပမာ တော်သည် သစ္စာရှိသော တပည့် တော်စစ် တစ်ဦး၏ ပြုမူ ဆောင်ရွက် တုံ့ပြန် မှုများ ပင်ဖြစ် သည်။

နိဂုံး။
သခင် ယေရှု ခရစ် တော်သည် ယနေ့ တိုင်သာ မက ထာဝရ ကာလ အသက် ရှင်တော် မူသော ထာဝရ ဘုရား သခင် ဖြစ်တော် မူသော ကြောင့် သူ၏ အမှု တော်မြတ် အတွက် ကာလ အစဉ် ရွေးကောက် ခေါ်ယူ နေမည် သာဖြစ်သည်။ အရေး ကြီးသည် မှာ တပည့် တော်စစ် မှန်ဖို့ သစ္စာ ရှိနေရန် သာဖြစ်သည်။ ရှင်ပေါ လုသည် ခရစ် တော် အတွက် စစ်မှန် သောတ ပည့်တော် စစ်၊ တမန် တော်စစ် ဖြစ်သ ကဲ့သို့ ဆရာကြီး ယုဒသန် သည် လည်း ခရစ်တော် အတွက် တပည့် တော်စစ်၊ တမန် တော်စစ် တစ်ဦး ဖြစ်ခဲ့ ပါသည်။ ရှင်ပေါ လုက ငါအသက် ရှင်သည့် အရာမှာ ခရစ်တော် ပင်ဖြစ် သည်ဟု ဆိုကဲ့သလို ဆရာကြီး ယုဒသန် ကလည်း ခရစ်တော် အတွက် သာမဟုတ် ခဲ့ယင်ဟု အံကြိတ်ကာ သူနှင့် သူ့မိသား စုတစ်ခု လုံးပေး ဆပ်အပ် နှံခဲ့ ပေသည်။ လက်ရှိ အချိန် တွင် အသက် ရှင်လျှက် ရှိသော ကျွန်ုပ် တို့ အလှည့် ရောက် နေခြင်း ဖြစ်သော ကြောင့် ခရစ် တော်အတွက် သစ္စာရှိ သောတ ပည့်တော် စစ်များ ဖြစ်ကြ ပါစို့။

ဆရာကြီး ဒေါက်တာ စောလှိုင် ဘွား၏ အောက် ပါစာတမ်းဖြင့် နိဂုံးချုပ် အပ်ပါသည်။
“ယေရုရှလင် မြို့သည် ဖာရိရှဲ၊ ကျမ်းတတ် ပုဂ္ဂိုလ် တို့၏ အခိုင် အမာ အဆောက် အအုံ၊ လောကီ အာဏာ စက်၏ အလယ် ဗဟို၊ တရား စီရင် မည့်သူ များစောင့် ဆိုင်းရာ နေရာ၊ အငြိုးကြီး လှသော အမှန် တရား၏ ဌာနချုပ် ပင်ဖြစ်သည်။ သို့ဖြစ် သည့်တိုင် ထိုလမ်း ပေါ်၌ အကယ် စင်စစ် ရှိနေ သူသည် ကြောက်ရွံ့ တုန်လှုပ် မည်မ ဟုတ်ပါ။ အကြောင်း မူကား ထိုတပည့် တော်စစ် ၏ဆက် ကပ်မှုသည် သဘော တရား တစ်ခု၊ အတွေး အခေါ် တစ်ရပ် ပေါ်၌ မတည်။ စနစ် တစ်ခု (သို့) အဖွဲ့ အစည်း တစ်ရပ် အတွက် ဆက်ကပ် နေခြင်း မဟုတ်။ ခရစ် တော်တည်း ဟူသော သခင် တစ်ပါး ၏အပေါ် ၌သာ လုံးဝ တည်နေ သောကြောင့် ပင်ဖြစ်သည်။

သိက္ခာတော်ရဆရာမန်းစံသိန်းထွန်း(ဘဏ္ဍာထိန်း)
မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန်အသင်းချုပ်။




Share this