Friday, July 10, 2015

● ယု ဒ သန် နေ့ အ ကြို ၀တ် ပြု ကိုး ကွယ် ခြင်း (ပ ဉ္စ မ ) နေ့...

(၂၀၂) ကြိမ် မြောက် ယု ဒ သန် နေ့ အ ကြို ကိုး ကွယ် ၀တ် ပြု ခြင်း နောက် ဆုံး (ပ ဉ္စ မ) နေ့ အား ယ နေ့ နံ နက် (၉း၀၀ ) နာ ရီ တွင် မြန် မာ နိုင် ငံ နှစ် ခြင်း ခရစ် ယာန် အ သင်း ချုပ်၊ (၅) လွှာ တွင် ပြု လုပ် ရာ ရန် ကုန် မြို့ အ ခြေ စိုက် အဖွဲ့ ချုပ် တစ် ပါး ဖြစ် သော အ ရှို နှစ် ခြင်း ခရစ် ယာန် အဖွဲ့ ချုပ် မှ လာ ရောက် တာ ၀န် ယူ ဦး ဆောင် ခဲ့ ပါ သည်။ အဆို ပါ ၀တ် ပြု ခြင်း တွင် သ ဘာ ပ တိ အဖြစ် ဆ မို နူး တွီ ဖူး မှ ပြု လုပ် ခဲ့ ပြီး၊ အထူး ဆို တောင်း ခြင်း ကို သိ က္ခာ တော် ရ ဆ ရာ ကြီး ဆ မို အောင် ရှမ်း မှ လည်း ကောင်း၊ ဒေ သ နာ တော် အား ဆ မို မျိုး လင်း မှ လည်း ကောင်း အ သီး သီး ပါ ၀င် ခဲ့ ကြ ပါ သည်။ တ ရား ဒေ သ နာ တော် အား ယော ဟန် ၁၂း ၂၆ နှင့် မသဲ ၁၆း ၂၄ ကို အ ခြေ ပြု ပြီး၊ ခရစ် တော် ၏ တပည့် တော် စစ် သည် ဘု ရား သ ခင် ထံ ပါး မှ ကောင်း ချီး မင်္ဂ လာ များ ရ ယူ လို စိတ် ထက် ဆက် ကပ် ရန် စိတ် များ ရန် လို ကြောင်း၊ မိမိ ကိုယ် ကို ငြင်း ပယ် ရ န် လို ကြောင်း၊ သမ္မာ ကျမ်း စာ ထဲ မှ ဖေါ် ပြ ထား သော ယော ဘ အ သက် တာ ကဲ့ သို့ ဆရာ ကြီး ယု ဒ သန် သည် လည်း ဆက် ကပ် အစေ ခံ ခဲ့ ကြောင်း တိုက် တွန်း ခွန် အား ပေး သွား ပါ သည်။ အ စည်း အဝေး အား သိ က္ခာ တော် ရ ဆရာ ကြီး ဆ မို အောင် ရှမ်း ကောင်း ချီး ပေး ခြင်း အား ဖြင့် ရုပ် သိမ်း ခဲ့ ပါ သည်။ ယ ခု ကဲ့ သို့ (၂၀၂) ကြိမ် မြောက် ယု ဒ သန် နေ့ အကြို ၀တ် ပြု ခြင်း တွင် လာ ရောက် ဦး ဆောင် ပေး ခဲ့ ကြ သော ရန် ကုန် အခြေ စိုက် အဖွဲ့ ချုပ် (၄) ပါး မှ တာ ၀န် ရှိ သူများ အား မြန်မာ နိုင် ငံ နှစ် ခြင်း ခ ရစ် ယာန် အသင်း ချုပ် ကိုယ် စား အ ထူး ပင် ကျေး ဇူး တင် ရှိ ပါ သည်။

(၂၀၂)ကြိမ်မြောက်၊ယုဒသန်နေ့အကြိုဝတ်ပြုခြင်း၊အရှိုနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်၊၁၀-၇-၂၀၁၅။

Share this