Thursday, May 14, 2015

● ယုဒသန် နေ့အစီ အစဉ် အတွက် ထပ်လောင်း နှိုးဆော် ခြင်း

မြန်မာ နိုင်ငံ နှစ်ခြင်း ခရစ် ယာန် အသင်း ချုပ်၊ ယုဒသန် နေ့ သည် ၂၀၁၅ ခုနှစ်၊ ဇူ လှိုင် လ (၁၂) ရက်နေ့ တွင် ကျရောက် မည်ဖြစ် ပါ သည်။ ယုဒ သန် နေ့ကို နှစ်စဉ် နှစ်တိုင်း ကျင်းပ ခဲ့ရာ ယခု နှစ်သည် (၂၀၂) ကြိမ် မြောက် ဖြစ်ပါ သည်။ ထို့အတူ ယခု နှစ် ပြုလုပ် မည့် ယုဒ သန်နေ့ သည် ယခင် နှစ် များနှင့် မတူပဲ၊ တစ် နိုင် ငံလုံး လှုပ် ရှား မှု (National Movement) အသွင် ဖြင့်ကျင်းပ ရန်ပြင် ဆင်ထား ပါသည်။ အထူး သဖြင့် ဆရာကြီး ယုဒ သန် နှင့် ပါရ မီဖြည့် ဖက်များ ၏ ကိုယ် ကျိုးစွန့် အနစ် နာခံ ဆက်ကပ် ပြီး၊ သာသ နာ ပြု ခဲ့သော စိတ်ဓါတ် (Spirit) ကို မြန်မာ ပြည်ရှိ နှစ်ခြင်း ယုံကြည် သူများ အားလုံး ရရှိ ပိုင်ဆိုင် ကာ ဆရာကြီး နှင့် ပါရ မီဖြည့် ဖက်များ ကဲ့သို့ နှစ်ခြင်း ယုံကြည် သူတိုင်း သာသ နာပြု သော သူများ ဖြစ်စေ ရန်ရည် ရွယ်ပြီး ကျင်းပ ပြုလုပ် မည်ဖြစ် ပါသည်။ နှစ်ခြင်း သာသ နာ နှစ် (၂၀၀) လွန် နှစ်ခြင်း အသင်း ချုပ်၊ ဧ၀ံ ဂေလိ နှင့် သာ သနာ ပြုရေး ဌာန၏ အထူး လုပ်ငန်း တစ်ရပ် ဖြစ်သော “ရွှေပြည် မြန်မာ နှစ်ခြင်း သာသ နာလုပ် ငန်း၊ ဒုတိ ယဆယ် စုနှစ် စီမံကိန်း ၏ပန်း တိုင် (၂) ရပ်မှာ- (၁)၂၀၂၄ ခုနှစ် တွင် မြန်မာ ပြည်ရှိ နှစ်ခြင်း အသင်း တော် တိုင်း သာသ သနာ ပြုသော အသင်း တော်များ ဖြစ်ရမည်။ အဓိ ပ္ပါယ်မှာ- နှစ်ခြင်း အသင်း တော်တိုင်း သာသ ပြုကွင်း အနဲ ဆုံး (၁)ကွင်း ရှိပြီး သာသ နာပြု နေရ မည်။ (၂) ၂၀၂၄ ခုနှစ် တွင် မြန်မာ ပြည်ရှိ နှစ်ခြင်း ယုံကြည် သူတိုင်း (အားလုံး) သက်သေ ခံသော အသင်း သား များဖြစ် ရမည် ဟူ သော အန္တိမ ပန်းတိုင် သို့ ရောက် ရှိရန် ဆရာ ကြီး ယုဒ သန်နှင့် ပါရမီ ဖြည့် ဖက်များ ၏ စိတ် ဓါတ် ဖြင့် မိမိ ရှိသည့် နေရာ တွင် သက် သေခံ ရန်ဖြစ် ပါသည်။ ယခုနှစ် (၂၀၂) ကြိမ် မြောက် ယုဒ သန် နေ့တွင် ယုဒ သန်ဂုဏ် ပြုတေး သီချင်း ပြိုင်ပွဲ များ၊ ဆု တောင်း ခြင်း လှုပ်ရှား မှု (၁၅၆) နာရီ၊ သမ္မာ ကျမ်းစာ သင်ခန်း စာများ သင်ကြား ခြင်း၊ ခံယူ ခြင်း၊ များကို ယုဒသန် နေ့မ တိုင် မှီ (၁)ပတ် အလို တွင်ပြု လုပ်သွား မည်ဖြစ် သောကြောင့် နှစ်ခြင်း ယုံကြည် သူတိုင်း မပျက် မကွက် ပါဝင် ကြရန် နှိုးဆော် အပ် ပါသည်။


Share this