Tuesday, June 16, 2015

● ၂၀၁၅ ခု နှစ်၊ ယု ဒ သန် နေ့ အ ကြို သီ ချင်း ဆို ပြိုင် ပွဲ (ရန် ကုန်)

မြန် မာ နိုင် ငံ နှစ် ခြင်း ခရစ် ယာန် အသင်း ချုပ်၊ ၂၀၂ ကြိမ် မြောက်၊ ယုဒ သန် နေ့ သည်၊ ၂၀၁၅ ခု နှစ်၊ ဇူ လိုင် လ (၁၂) ရက် နေ့ တွင် ကျ ရောက် မည်ဖြစ် ပါ သည်။...ယင်း နေ့ မ တိုင် မီ ၊ဇူ လိုင် လ (၁၁) ရက်
နေ့ တွင်၊ ယုဒ သန် နေ့ အ ကြို သီ ချင်း ဆို ပြိုင် ပွဲ များ ကို လည်း ရန် ကုန် မြို့နှင့် အတူ နယ် မြို့အ ချို့တွင် ပြုလုပ် ရန်ရှိ ပါ သည်။ ရန် ကုန်မြို့ တွင်ပြု လုပ် မည့် ယုဒ သန်နေ့ ဆိုင်ရာ ဟော ပြော ပွဲနှင့် သီချင်း ဆိုပြိုင် ပွဲကို ၊အောက် ဖေါ်ပြ ပါ အစီ အစဉ် များအ တိုင်း ဆောင် ရွက် သွား မည်ဖြစ် သော ကြောင့် ၊ကြွ ရောက် ပါ ၀င်ကြ ရန်ခ ရစ် တော် ၏နာ မတော် မြတ် ၌ဖိတ် ခေါ်ပါ သည်။


● ဟောပြောပွဲ …
»» အချိန်---နံနက်(၉း၀၀ - ၁၂း၀၀)နာရီအတွင်း
»» ဟောပြောမည့်ပုဂ္ဂိုလ---ဆရာမ မိုးဦးဇွန်(ကမာရွတ်)
»» နေရာ---အောက်မေ့ဘွယ်ရာခန်းမ၊နှစ်ခြင်းခရစ်ယာန်အသင်းချုပ်။

● သီချင်းဆိုပြိုင်ပွဲ…
»» နေ့ရက်။---ဇူလိုင်လ..(၁၁)ရက်၊(စနေနေ့)။
»» အချိန်။---မွန်းလွဲ (၁း၀၀)နာရီ နာရီ။
»» နေရာ။---နှစ်ခြင်းအသင်းချုပ်အောက်မေ့ဘွယ်ခန်းမ။

● ပြိုင်ပွဲဆုများ …
»» (ပထမဆု - ၇သိန်းကျပ် နှင့် ဆုတံဆိပ်)
»» (ဒုတိယဆု - ၆ သိန်းကျပ် နှင့် ဆုတံဆိပ်)
»» (တတိယဆု - ၅ သိန်းကျပ် နှင့် ဆုတံဆိပ်)
»» (နှစ်သိမ့်ဆု - ၂ သိန်းကျပ် -(သုံးဆု)

● ပြိုင်ပွဲစည်းကမ်းများ …
စည်းကမ်း(၁)
နှစ်ခြင်း အသင်း တော် တစ်ပါး လျှင်(၁) ဖွဲ့ ပါဝင် ယှဉ်ပြိုင် ခွင့်ရှိ ပါသည်။
စည်းကမ်း(၂)
တစ်ဖွဲ့လျှင် သီ ဆိုသူ အနည်း ဆုံး (၁၂) ဦး မှ အများ ဆုံး ၂၀ ဦး ပါဝင် ယှဉ်ပြိုင် နိုင်ပါ သည်။
စည်းကမ်း(၃)
လူမျိုး ရေး၊ နိုင်ငံရေး၊ ဘာသာ ရေးအ မြင်မ ကြည် လင်မှု များဖြစ် ပေါ်စေ နိုင်သည့် သရုပ် ဖေါ်တင် ဆက်မှု များလုံး ၀မပြု လုပ် ရ ပါ။
စည်းကမ်း(၄)
ပြိုင်ပွဲ နှင့် ပတ် သက် ၍ဒိုင် များ၏ အဆုံး အဖြတ် သည် သာ အ တည် ဖြစ်ပါ သည်။
စည်းကမ်း(၅)
ပါဝင် ယှဉ်ပြိုင် မည့်အ သင်း တော်များ အနေ ဖြင့်မြန် မာနိုင် ငံနှစ်ခြင်း ခရစ် ယာန် အသင်း ချုပ်၊ လူငယ် ဌာန(သို့) ဧ/သ ဌာန ၊ဖုန်း ၂၂၁၄၆၅၊ ၂၂၃၂၃၁ လိုင်း ခွဲ-၁၁၂ (သို့) (၁၀၈) သို့ဇူ လိုင် လ(၈) ရက်နေ့ နောက် ဆုံး ထားပြီး အကြောင်း ကြား နိုင်ပါ သည်။

● အမှတ်ပေးစည်းမျဉ်းများ …
»» စာသားမှန်ကန်မှု - (၁၅) မှတ်
»» စကားလုံးပီသစွာသီဆိုနိုင်မှု - (၁၅) မှတ်
»» သံစဉ်ညီညာမျှတမှု - (၂၀) မှတ်
»» သံစဉ်မှန်ကန်မှု - (၂၀) မှတ်
»» သရုပ်ဖေါ်တင်ဆက်မှု - (၁၅) မှတ်
»» တီထွင်ဆန်းသစ်မှု - (၁၅) မှတ်

● ပြိုင်ပွဲကျင်းပမည့် မြို့များ…
၁။ ရန်ကုန်မြို့...
၂။ လွိုင်ကော်မြို့...
၃။ နမ်းခမ်းမြို့
၎။ တောင်ကြီးမြို့...
၅။ ပြင်ဦးလွင်မြို့...
၆။ တောင်ငူမြို့...
၇။ ပုသိမ်မြို့...
-၂၀၁၅ခုနှစ်၊ယုဒသန်နေ့သီချင်းဆိုပြိုင်ပွဲ-
 

Share this